Wednesday, May 6, 2009

အုန်းထမင်း

ဆီ + အုန်းနို့  + ဆား + သကြား တို့ ကို နို့ ဆီဗူး ၁ ဗူး ရဲ့  သုံးပုံပုံ တစ်ပုံ ရအောင်ကျိုပါ ။ ပြီးနောက် ကျိုထားတဲ့ အုန်းနို့  + ဆန် + ကြက်သွန်နီ ကို ရေလက်တစ်ဆစ်ဖုံးအောင် ထည့်ချက်ပါ။ (တချို့ ကတော့ ပြောင်းဖူးစေ့ လေးတွေပါ ထည့်ချက်တတ်ပါတယ်) .... ရခါနီးရင် အထက်အောက် မွှေပြီး နှပ်ပေးပါ။ ကျက်ရင်ဖြင့် ......

၁.ကြက်သားဆီပြန်
၂.သီးစုံသနပ်သုတ်
၃.ငံပြာရည်ကြော်
၎.ချဉ်ပေါင်ဟင်းချို တို့ နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ် ...

ထည့်ရမယ့်အချိုးအဆ ကိုတော့ အောက်မှာရေးပေးထားပါတယ်။

ဆန် .......... ၅ဗူး
အုန်းနို့ ....... ၁ဗူး (ယိုးဒယား အုန်းနို့ ဗူး)
ဆား .......... ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
သကြား...... ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဆီ ............. ၁ဇွန်း (စားပွဲတင်ဇွန်း)

မူရင်းရေးသားသူ နှင်းဆီမေ

No comments:

Post a Comment