Wednesday, May 6, 2009

ကြက်သား ချဉ်စပ်


ကြက်သား အသားကို အသားကြီးပဲ တစ်လက်မ ခန့် အတုံးလေးများတုံး .. ကြက်ဥ ကို ခေါက်ထား .. ကြက်သားကို ပြောင်းဖူး မှုန့် လူး .. ကြက်ဥခေါက်ထားတဲ့ အရည်လူး .. တဖန် ကော်မှုန့် လူးကာ .. ဆီခပ်နွေးနွေးနဲ့ ကြော်ပါ .. ဆီအရမ်းမပူစေရ . ထို့ နောက် ကြော်ထားသော ကြက်သားတုံးလေးများကို ဆီစစ်ထားပါ .. သို့ မဟုတ် .. Tissue ပေါ်တင်ကာ မလိုအပ်သော ဆီများကို သုတ်ပစ်နိုင်ပါတယ် ..

ှဆီစစ်ထားစဉ် .. ထောင်းထားသောကြက်သွန်ဖြူ .. သံပုရာရည် အနည်းငယ် .. သကြား .. ဆား အနည်းငယ် ကို ဆီသတ်ပါ .. ပြီးနောက် ပြောင်းဖူးမှုန့် ကို ရေအနည်းငယ်ဖျော်ကာ ဆီသတ်ထားတဲ့ အထဲ ထည့်လောင်းကာ မွှေပေးပါ .. အရည်အနည်းငယ် ပျစ်ချွဲလာလျှင် .. ဆီစစ်ထားသော ကြက်သားတုံးများထည့် .. နံနံပင်ထည့် .. ငရုပ်သီးစိမ်း ပါးပါးလှီးထည့် ..ကာ မွှေပေးပါ ... လုံးသွားပါက .. အရသာရှိသော ကြက်သားချဉ်စပ် ကို လှလှပပ ပြင်ဆင်ကာ စားသုံးနိုင်ပါသည် ...

မှတ်ချက် ပြောင်းဖူးမှုန့် မရက .. မြန်မာပြည်မှ ကော်မှုန့် ကို သုံးနိုင်ပါသည် ...


မူရင်းရေးသားသူ နှင်းဆီမေ

No comments:

Post a Comment