Wednesday, May 6, 2009

Coca-Cola လျှို့ ဝှက်ချက်


ဒီည အိပ်လို့ မရတာနဲ့ ပဲ ကျွန်မရဲ့ Blog လေးမှာ စာတွေ ရေးဖြစ်ခဲ့တယ် .. စာရေးရင်း ရေက ငတ် .. ရာသီဥတု က ပူတာနဲ့ CocaCola ပုလင်းသေးသေးလေးကို သောက်ရာက .. သူ့ ရဲ့ လျှို့ ဝှက်ချက် တစ်ခုကို သတိရသွားတယ် .. ဒါကတော့ ..
CocaCola နဲ့ ကြက်သားနှပ်ခြင်းပါပဲ .. Roast လုပ်တယ်လို့ ခေါ်ရင်လဲရပါတယ် ...

ရှေးနည်းအတိုင်း ကြက်သား Roast လုပ်မယ်ဆိုရင်တော့ ခက်ရင်းနဲ့ ထိုး .. အသားကို Barbecue ဆော့နဲ့ နှပ် .. သကြားဆားကြက်သွန်ဖြူအရည် ဂျင်းအရည် .. ဆီနဲ့ ကြော် ရေနဲ့ နှပ် .. စသဖြင့် .. ခက်ခဲကာ အချိန်ပိုကြာလှပါတယ် .. ဒီနည်းလေးကတော့ လွယ်ကူမြန်ဆန်လှပါတယ် ...

ဒီနည်းလေးကို ကျွန်မ အဒေါ်ဆီကနေ ရလိုက်တာပါ .. ဖိလစ်ပိုင် စားသောက်ဆိုင်တွေ အားလုံးနီးပါး မှာ ဒီနည်းကို သုံးတယ်လို့ လည်း သိရပါတယ် ..

Roast လုပ်မယ့် ကြက်ကို ... ကြက်သွန်ဖြူ + ဂျင်း ထောင်းထားတဲ့ အရည် .... ဆားအနည်းငယ်နဲ့ နယ် ... သကြားလေး နဲနဲ (ပါသည်ဆိုရုံလေး .. အချိုကြိုက်တတ်သူများအတွက်သာ) ထည့်ကာ နယ်ပါ ..အသားထဲ အရသာဝင်အောင် ဆုပ်ကာ နယ်ပါ ..

နယ်ထားတဲ့အသားကို CocaCola အရည်နဲ့ အသားမြုပ်အောင် နေ့ ဝက်ခန့် စိမ်ထား ကာ .....



နည်း ၁. ပေါင်းအိုးဖြင့် အရည်များကို ပါ ထည့်ပေါင်း ပါ... ဆီပြန်ကာ အနံ့ လေးမွှေးလာသည် အထိ ပေါင်းပါ .. (အသားများ အနူးလွန်သွားတတ်ပါသည်)



နည်း ၂. ဆီကို ပူအောင်လုပ်ပါ .. စိမ်ထားသော ကြက်သားကိုသာ ဆီဖြင့် နူးရုံ ထက်အောက်လှန်ကာ မီးအေးအေးထား ကြော်ပါ ...



နည်း ၃. စိမ်ထားသောကြက်ကို Microwave ထဲထည့်ကာ နှပ်ထားလိုက်ပါ ...


အရသာရှိတော့ ကြက်သား CocaCola Roast ကို ကြိုက်နှစ်သက်ရာ နည်းဖြင့် ချက်ပြုတ် သုံးဆောင်နိုင်ပါသည် ... :) (မှတ်ချက် .. ယခုဖော်ပြထားသည်မှာ ချက်နည်း ၃ နည်းဖြစ်ပါတယ် .. ချက်ရမည့် အဆင့်ဆင့် မဟုတ်ပါ ..)


မူရင်းရေးသားသူ နှင်းဆီမေ

No comments:

Post a Comment