Wednesday, May 6, 2009

အပျော်စား


အပျော်ပဲစားစား အမြည်းပဲလုပ်လုပ် လွယ်ကူဆုံးနဲ့  စားလို့ အကောင်းဆုံး .. ၀ိတ်လည်းမတက်တဲ့ အစားအစာ တစ်ခုကို ပြောပြအုန်းမယ် .... ဖတ်ပြီးရင်တော့ ... ဟွန်း ဒါလေးများ ကလေးတောင် လုပ်တတ်တယ် လို့ တော့ မပြောလိုက်နဲ့ နော် .... လွယ်လွန်းတော့ မေ့ဆိုသလို .... စားဖို့ မေ့နေမှာ စိုးလို့  သတိပေးတဲ့ သဘောပါ ...
နာမည်ကတော့ Boiling Sausage ပါ ....

လွယ်တာမှ သိပ်ကို လွယ်တယ် .... ရေနွေးဆူဆူမှာ ပစ်ထည့်လိုက် ... ခဏလေးပဲစောင့်ပါ ... မဟုတ်ရင် အကျက်လွန်ပြီး မာသွားတတ်သလို .. အရသာတွေ အကုန် ထွက်သွားတတ်တယ် ....

ခဏနေရင် ပြန်ဆယ် အအေးခံကာ ... ကျွန်မ တင်ပေးထားတဲ့ ပျားရည်အချဉ် (အချိုရည်) ဖြစ်ဖြစ် .. အဆင်သင့် စားနိုင်တဲ့  ... ယိုးဒယားအချိုရည် .... မယ့်ပရနုံ နဲ့ ပဲ ဖြစ်ဖြစ် စားသုံးနိုင်ပါတယ် ....

လွယ်ကူတယ် ... မြန်တယ် ... အရသာရှိတယ် .....

စားကြည့်ပါအုန်းနော် ...

နှင်းဆီမေ

ကွေ့ တီအို (ယိုးဒယား ကြေးအိုး)


ဒီတစ်လတော့ ကျွန်မ သိပ်ကြိုက်တဲ့ ကွေ့ တီအို လုပ်နည်းလေး တင်ပေးချင်ပါတယ် ...
နာမည်ကသာခပ်ဆန်းဆန်းလေး ဖြစ်နေတာပါ ..
ပုံစံကတော့ ကြာဇံပြုတ်လိုလို ကြေးအိုးလိုလို ပုံစံလေးပါ ..
ချက်ရတာလည်း အရမ်းကိုလွယ်ပါတယ် ..

ချက်နည်းကတော့ ..

ကြက်သားအရိုး ၀က်အရိုး တွေကို ပြုတ်ရထားရမယ် ... ပြုတ်ရာမှာ နည်းရှိတယ် .. ရေနွေးကို အရင်ဆုံး ဆူပွက်နေအောင်တည် .. Room Temperature ရှိတဲ့ ၀က်ရိုးကို ရေနွေးပွက်ပွက်ဆူထဲထည့်တည် .. ၀က်အနံ့ ပျောက်တဲ့အခါ မီးကိုလျော့ပြီး ခပ်နွေးနွေးထား .. အဆူလျော့မှ ကြက်သားကို ထည့် ဆက်ပြီးတင်ထားပါ .. ကျွန်မကတော့ အချိုမှုန့် လုံးဝ မစားတဲ့အတွက် မထည့်ဘူး .. ဆားလေးနဲနဲ ထည့်တယ် .. သကြားကို ပါတယ်ဆိုရုံလေးထည့်တယ် ..

ပြီးတော့ ကြာဆံ သို့ မဟုတ် ညှပ်ခေါက်ဆွဲ(ကွေ့ တီအိုဖတ်) ကို ရေခဏစိမ် .. ဇကာလေးနဲ့  အပြုတ်အိုးထဲထည့်ပြီး နူးအောင်လုပ်တယ် .. ပြီးတော့ စားမယ့်ပန်းကန်လုံးထဲ ထည့် .. အရည်စမ်း ... ပဲပင်ပေါက် အစိမ်းဖြူး .. မြေပဲထောင်းထားတာထည့် .. နှင်းလေးဖြူး .. အသားလုံးနဲ့ စားချင်ရင်တော့ ... Ready Made ယိုးဒယား အသားလုံး အဖြူလေးတွေကို ခုန အရည်အိုးထဲထည့်ပြုတ်ပြီ .. ပြူးတွဲသုံးဆောင်နိုင်ပါတယ် ..


အချိုကြိုက်တတ်ရင် သကြားထပ်ထည့် .. အငန်ကြိုက်ရင် အငန်ထပ် .. ငရုတ်ကြိုက်ရင် ငရုပ်သီးစိမ်းကို ထောင်းထည့် စားသုံး ရင်ဖြင့် .. မွှေးမွှေး ချိုချို နှင့် အလွန်အရသာရှိသော ကွေ့ တီအို တစ်ပွဲကို သုံးဆောင်နိုင်ပါတယ် ... အချဉ်ရည်နဲ့ ပဲ စားချင်တယ်ဆိုရင်တော့ ယိုးဒယားအချဉ်ရည် .. ရှမ်းအချဉ်ရည်လို့ လဲ ခေါ်ပါတယ် .. တံဆိပ်က နန့် ဖကိုင် ပါ .. ပျားရည် ငရုတ် ကြက်သွန်ဖြူ ရောစပ်ထားတဲ့ ချိုချဉ်ရည်ပေါ့ရှင် ...


နှင်းဆီမေ

ဘာကြောင့် နှစ်မျိုးလုံးကို တစ်ခါတည်း မတည်ခိုင်းတာလဲဆိုတော့ .. တည်လိုက်ရင် .. ၀က်စော်နံပြီးကျန်ခဲ့သလို ဆူလွန်းလာရင် ကြက်သားအဆီတွေ တက်လာကာ အမဲရောင်လိုလို အဖတ်တွေ တက်လာတတ်တယ် .. ဒါဆို ဟင်းက စားလို့ မကောင်းပဲ ဖြစ်သွားတတ်လို့ ပါ ...

အချဉ်လုပ်နည်း


ကျွန်မ ဟိုးလများဆီက အချဉ်လုပ်နည်း တင်ပေးမယ် လို့ ပြောခဲ့ဖူးတယ် .. ဒါကြောင့် ဒီလတော့ တင်ပေးပါ့မယ် ..

ငရုပ်သီး အနီတောင့် အပွရှည် ကို Blender မွှေကြိတ် .. ဖယ်ထား
ကြက်သွန်ဖြူ ၄ တောင့် လောက်ကို ညက်အောင်ထောင်း .. ဖယ်ထား

ပြီးနောက်

ပျားရည် ထဲကို ခုန ငရုပ်သီး ရယ် ကြက်သွန် ထောင်းထားတာရယ်ကို ရောမွှေပေး ကာ ခဏလောက် ထား ပြီး အ၇သာရှိတဲ့ ပျားရည် အချဉ်ကို လိုရာနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ် ....


စမ်းသပ်ကြည့်ချင်သူတွေ စမ်းသပ်နိုင်ပါတယ်နော်

နှင်းဆီမေ

Coca-Cola လျှို့ ဝှက်ချက်


ဒီည အိပ်လို့ မရတာနဲ့ ပဲ ကျွန်မရဲ့ Blog လေးမှာ စာတွေ ရေးဖြစ်ခဲ့တယ် .. စာရေးရင်း ရေက ငတ် .. ရာသီဥတု က ပူတာနဲ့ CocaCola ပုလင်းသေးသေးလေးကို သောက်ရာက .. သူ့ ရဲ့ လျှို့ ဝှက်ချက် တစ်ခုကို သတိရသွားတယ် .. ဒါကတော့ ..
CocaCola နဲ့ ကြက်သားနှပ်ခြင်းပါပဲ .. Roast လုပ်တယ်လို့ ခေါ်ရင်လဲရပါတယ် ...

ရှေးနည်းအတိုင်း ကြက်သား Roast လုပ်မယ်ဆိုရင်တော့ ခက်ရင်းနဲ့ ထိုး .. အသားကို Barbecue ဆော့နဲ့ နှပ် .. သကြားဆားကြက်သွန်ဖြူအရည် ဂျင်းအရည် .. ဆီနဲ့ ကြော် ရေနဲ့ နှပ် .. စသဖြင့် .. ခက်ခဲကာ အချိန်ပိုကြာလှပါတယ် .. ဒီနည်းလေးကတော့ လွယ်ကူမြန်ဆန်လှပါတယ် ...

ဒီနည်းလေးကို ကျွန်မ အဒေါ်ဆီကနေ ရလိုက်တာပါ .. ဖိလစ်ပိုင် စားသောက်ဆိုင်တွေ အားလုံးနီးပါး မှာ ဒီနည်းကို သုံးတယ်လို့ လည်း သိရပါတယ် ..

Roast လုပ်မယ့် ကြက်ကို ... ကြက်သွန်ဖြူ + ဂျင်း ထောင်းထားတဲ့ အရည် .... ဆားအနည်းငယ်နဲ့ နယ် ... သကြားလေး နဲနဲ (ပါသည်ဆိုရုံလေး .. အချိုကြိုက်တတ်သူများအတွက်သာ) ထည့်ကာ နယ်ပါ ..အသားထဲ အရသာဝင်အောင် ဆုပ်ကာ နယ်ပါ ..

နယ်ထားတဲ့အသားကို CocaCola အရည်နဲ့ အသားမြုပ်အောင် နေ့ ဝက်ခန့် စိမ်ထား ကာ .....



နည်း ၁. ပေါင်းအိုးဖြင့် အရည်များကို ပါ ထည့်ပေါင်း ပါ... ဆီပြန်ကာ အနံ့ လေးမွှေးလာသည် အထိ ပေါင်းပါ .. (အသားများ အနူးလွန်သွားတတ်ပါသည်)



နည်း ၂. ဆီကို ပူအောင်လုပ်ပါ .. စိမ်ထားသော ကြက်သားကိုသာ ဆီဖြင့် နူးရုံ ထက်အောက်လှန်ကာ မီးအေးအေးထား ကြော်ပါ ...



နည်း ၃. စိမ်ထားသောကြက်ကို Microwave ထဲထည့်ကာ နှပ်ထားလိုက်ပါ ...


အရသာရှိတော့ ကြက်သား CocaCola Roast ကို ကြိုက်နှစ်သက်ရာ နည်းဖြင့် ချက်ပြုတ် သုံးဆောင်နိုင်ပါသည် ... :) (မှတ်ချက် .. ယခုဖော်ပြထားသည်မှာ ချက်နည်း ၃ နည်းဖြစ်ပါတယ် .. ချက်ရမည့် အဆင့်ဆင့် မဟုတ်ပါ ..)


မူရင်းရေးသားသူ နှင်းဆီမေ

ကြက်သား ချဉ်စပ်


ကြက်သား အသားကို အသားကြီးပဲ တစ်လက်မ ခန့် အတုံးလေးများတုံး .. ကြက်ဥ ကို ခေါက်ထား .. ကြက်သားကို ပြောင်းဖူး မှုန့် လူး .. ကြက်ဥခေါက်ထားတဲ့ အရည်လူး .. တဖန် ကော်မှုန့် လူးကာ .. ဆီခပ်နွေးနွေးနဲ့ ကြော်ပါ .. ဆီအရမ်းမပူစေရ . ထို့ နောက် ကြော်ထားသော ကြက်သားတုံးလေးများကို ဆီစစ်ထားပါ .. သို့ မဟုတ် .. Tissue ပေါ်တင်ကာ မလိုအပ်သော ဆီများကို သုတ်ပစ်နိုင်ပါတယ် ..

ှဆီစစ်ထားစဉ် .. ထောင်းထားသောကြက်သွန်ဖြူ .. သံပုရာရည် အနည်းငယ် .. သကြား .. ဆား အနည်းငယ် ကို ဆီသတ်ပါ .. ပြီးနောက် ပြောင်းဖူးမှုန့် ကို ရေအနည်းငယ်ဖျော်ကာ ဆီသတ်ထားတဲ့ အထဲ ထည့်လောင်းကာ မွှေပေးပါ .. အရည်အနည်းငယ် ပျစ်ချွဲလာလျှင် .. ဆီစစ်ထားသော ကြက်သားတုံးများထည့် .. နံနံပင်ထည့် .. ငရုပ်သီးစိမ်း ပါးပါးလှီးထည့် ..ကာ မွှေပေးပါ ... လုံးသွားပါက .. အရသာရှိသော ကြက်သားချဉ်စပ် ကို လှလှပပ ပြင်ဆင်ကာ စားသုံးနိုင်ပါသည် ...

မှတ်ချက် ပြောင်းဖူးမှုန့် မရက .. မြန်မာပြည်မှ ကော်မှုန့် ကို သုံးနိုင်ပါသည် ...


မူရင်းရေးသားသူ နှင်းဆီမေ