Wednesday, May 6, 2009

ကွေ့ တီအို (ယိုးဒယား ကြေးအိုး)


ဒီတစ်လတော့ ကျွန်မ သိပ်ကြိုက်တဲ့ ကွေ့ တီအို လုပ်နည်းလေး တင်ပေးချင်ပါတယ် ...
နာမည်ကသာခပ်ဆန်းဆန်းလေး ဖြစ်နေတာပါ ..
ပုံစံကတော့ ကြာဇံပြုတ်လိုလို ကြေးအိုးလိုလို ပုံစံလေးပါ ..
ချက်ရတာလည်း အရမ်းကိုလွယ်ပါတယ် ..

ချက်နည်းကတော့ ..

ကြက်သားအရိုး ၀က်အရိုး တွေကို ပြုတ်ရထားရမယ် ... ပြုတ်ရာမှာ နည်းရှိတယ် .. ရေနွေးကို အရင်ဆုံး ဆူပွက်နေအောင်တည် .. Room Temperature ရှိတဲ့ ၀က်ရိုးကို ရေနွေးပွက်ပွက်ဆူထဲထည့်တည် .. ၀က်အနံ့ ပျောက်တဲ့အခါ မီးကိုလျော့ပြီး ခပ်နွေးနွေးထား .. အဆူလျော့မှ ကြက်သားကို ထည့် ဆက်ပြီးတင်ထားပါ .. ကျွန်မကတော့ အချိုမှုန့် လုံးဝ မစားတဲ့အတွက် မထည့်ဘူး .. ဆားလေးနဲနဲ ထည့်တယ် .. သကြားကို ပါတယ်ဆိုရုံလေးထည့်တယ် ..

ပြီးတော့ ကြာဆံ သို့ မဟုတ် ညှပ်ခေါက်ဆွဲ(ကွေ့ တီအိုဖတ်) ကို ရေခဏစိမ် .. ဇကာလေးနဲ့  အပြုတ်အိုးထဲထည့်ပြီး နူးအောင်လုပ်တယ် .. ပြီးတော့ စားမယ့်ပန်းကန်လုံးထဲ ထည့် .. အရည်စမ်း ... ပဲပင်ပေါက် အစိမ်းဖြူး .. မြေပဲထောင်းထားတာထည့် .. နှင်းလေးဖြူး .. အသားလုံးနဲ့ စားချင်ရင်တော့ ... Ready Made ယိုးဒယား အသားလုံး အဖြူလေးတွေကို ခုန အရည်အိုးထဲထည့်ပြုတ်ပြီ .. ပြူးတွဲသုံးဆောင်နိုင်ပါတယ် ..


အချိုကြိုက်တတ်ရင် သကြားထပ်ထည့် .. အငန်ကြိုက်ရင် အငန်ထပ် .. ငရုတ်ကြိုက်ရင် ငရုပ်သီးစိမ်းကို ထောင်းထည့် စားသုံး ရင်ဖြင့် .. မွှေးမွှေး ချိုချို နှင့် အလွန်အရသာရှိသော ကွေ့ တီအို တစ်ပွဲကို သုံးဆောင်နိုင်ပါတယ် ... အချဉ်ရည်နဲ့ ပဲ စားချင်တယ်ဆိုရင်တော့ ယိုးဒယားအချဉ်ရည် .. ရှမ်းအချဉ်ရည်လို့ လဲ ခေါ်ပါတယ် .. တံဆိပ်က နန့် ဖကိုင် ပါ .. ပျားရည် ငရုတ် ကြက်သွန်ဖြူ ရောစပ်ထားတဲ့ ချိုချဉ်ရည်ပေါ့ရှင် ...


နှင်းဆီမေ

ဘာကြောင့် နှစ်မျိုးလုံးကို တစ်ခါတည်း မတည်ခိုင်းတာလဲဆိုတော့ .. တည်လိုက်ရင် .. ၀က်စော်နံပြီးကျန်ခဲ့သလို ဆူလွန်းလာရင် ကြက်သားအဆီတွေ တက်လာကာ အမဲရောင်လိုလို အဖတ်တွေ တက်လာတတ်တယ် .. ဒါဆို ဟင်းက စားလို့ မကောင်းပဲ ဖြစ်သွားတတ်လို့ ပါ ...

No comments:

Post a Comment